အကြိုက်ဆုံး စကားများ...


““ကိုယ်သက်သာမှုကို မက်မောတဲ့သူဟာ သူတစ်ပါး အကျိုးစီးပွား ကိုမလုပ်ဘူး၊ တနည်းအားဖြင့် ကာယမစ္ဆရိယ ရှိတဲ့သူပဲ။ အများအကျိုးလုပ်တဲ့နေရာမှာ အသိဥာဏ်အရေးကြီးတယ်။ အသိဥာဏ်မပါပဲနဲ့ အများအကျိုးလုပ်တဲ့သူဟာ အသက်အသေခံ ပြီး ပဲလုပ်လုပ် အသိဥာဏ်မရှိတဲ့ပုဂ္ဂိုလ်ရဲ့အလုပ်ဟာနွားလိုပဲ။””

(သီတဂူဆရာတော်ဘုရားကြီး)ဟန်းဂုရွာ မှ

““အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ”

(ဒေါ်အောင်ဆန်းဆုကြည် ) ဝိမုတ္တိရသ နှင့် ဓမ္မဂင်္ဂါ မှ

Friday, May 20, 2011

ဒေဂူး စာပေဆွေးနွေးဝိုင်း မေ ၂၉ မှာ ပြုလုပ်မယ်...

ဒေဂူးအသံ မှ ...







၂၀၁၁ ကိုရီးယား စာပေပွဲကျင်းပရေး ကော်မတီနှင့် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်များ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွတ်ထားသည့် နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့်၊ နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်နှင့် ကိုရီးယားနိုင်ငံ အောက်ပိုင်းရှိ စာပေချစ်ခင်သူတို့၏ စာပေဆွေးနွေးဝိုင်းနှင့် ဆရာတပည့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကို မောင်နှစ်မအပေါင်းအား အတူတကွ ပါဝင်ဆင်နွဲနိုင်ဖို့ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၉-၅-၂၀၁၁ (တနင်္ဂနွေနေ့)

အချိန် = နေ့လယ် ၂နာရီမှ ၅နာရီအထိ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း


မှတ်ချက်။ ။ ဆရာများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ကြွရောက်လာကြသော ပရိတ်သတ်အပေါင်းအား စိတ္တသုခ လူမှုကူညီရေး အသင်းမှ လဘက်ရည်နှင့် ကော်ပြန့်လိပ်ကြော်များဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။

ရည်ညွန်း = ဟန်းဂုရွာ

1 comments:

ကောင်းမွန်ဝင်း said...

ကိုဝင်းလတ်ရေနေကောင်းလား။
တခါတလေမှရောက်ဖြစ်တယ်။
ရောက်တဲ့အခါ နှုတ်မဆက်သွားဖြစ်ဘူး။

ဂျပန်မှာ ခုထိ စာပေဟောပြောပွဲမရှိသေးတော့အားကျတယ်။

ရာသီဥတုလည်းပူလာပြီ။
စကတ်ဝတ်တာတွေများလာတယ်။
ကောင်းကင်ကို ရဲ့ ကဗျာကိုလည်းထပ်ဖတ်သွားတယ်။

မင်္ဂလဆောင်သတင်းလည်း ကြည်နူးစရာပဲ။

အစစအဆင်ပြေပါစေ။

RECENT POSTS...

Grab this Widget