အကြိုက်ဆုံး စကားများ...


““ကိုယ်သက်သာမှုကို မက်မောတဲ့သူဟာ သူတစ်ပါး အကျိုးစီးပွား ကိုမလုပ်ဘူး၊ တနည်းအားဖြင့် ကာယမစ္ဆရိယ ရှိတဲ့သူပဲ။ အများအကျိုးလုပ်တဲ့နေရာမှာ အသိဥာဏ်အရေးကြီးတယ်။ အသိဥာဏ်မပါပဲနဲ့ အများအကျိုးလုပ်တဲ့သူဟာ အသက်အသေခံ ပြီး ပဲလုပ်လုပ် အသိဥာဏ်မရှိတဲ့ပုဂ္ဂိုလ်ရဲ့အလုပ်ဟာနွားလိုပဲ။””

(သီတဂူဆရာတော်ဘုရားကြီး)ဟန်းဂုရွာ မှ

““အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ”

(ဒေါ်အောင်ဆန်းဆုကြည် ) ဝိမုတ္တိရသ နှင့် ဓမ္မဂင်္ဂါ မှ

Sunday, June 12, 2011

ဘယ်မှာငါဟု ရှိအံ့နည်း

“ဘယ်မှာငါဟု ရှိအံ့နည်း”

လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့

များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်

တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း။

(မိုးကုတ်ဆရာတော်ကြီး)

0 comments:

RECENT POSTS...

Grab this Widget