အကြိုက်ဆုံး စကားများ...


““ကိုယ်သက်သာမှုကို မက်မောတဲ့သူဟာ သူတစ်ပါး အကျိုးစီးပွား ကိုမလုပ်ဘူး၊ တနည်းအားဖြင့် ကာယမစ္ဆရိယ ရှိတဲ့သူပဲ။ အများအကျိုးလုပ်တဲ့နေရာမှာ အသိဥာဏ်အရေးကြီးတယ်။ အသိဥာဏ်မပါပဲနဲ့ အများအကျိုးလုပ်တဲ့သူဟာ အသက်အသေခံ ပြီး ပဲလုပ်လုပ် အသိဥာဏ်မရှိတဲ့ပုဂ္ဂိုလ်ရဲ့အလုပ်ဟာနွားလိုပဲ။””

(သီတဂူဆရာတော်ဘုရားကြီး)ဟန်းဂုရွာ မှ

““အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ”

(ဒေါ်အောင်ဆန်းဆုကြည် ) ဝိမုတ္တိရသ နှင့် ဓမ္မဂင်္ဂါ မှ

Monday, June 20, 2011

ပြောရဦးမယ် ရယ်စရာ၊ပြုံးစရာ

ပြောရဦးမယ် ရယ်စရာ၊ပြုံးစရာ
ရွှေမြန်မာတွေလုပ်ပုံ လုပ်ပုံ
တကယ့်အဖြစ်အပျက်ပါ...။ဟိုတစ်လောက ကိုရီးယား အင်ချွန်းလေဆိပ်အဝင်မှာ နာမည်ပြောင်း ဝင်လာ သူတွေကို စီစစ်နေတဲ့ ကာလက ပေါ့။
လေဆိပ်ထဲ ဝင်လာတဲ့နိုင်ငံခြားသားတွေ ကိုရီးယားစကား ကောင်းကောင်းပြောတတ်ရင် မသင်္ကာ ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးကသေသေချာချာ စစ်ဆေးနေတာမဟုတ်လား။
ဒီအချိန်မှာ ကိုရွှေမြန်မာက လေဆိပ်လူဝင်မှုဌာနက တာဝန်ရှိသူကို အာသွားချောင်တယ်လေ...။“식사하 십니 까? ”လို့ ပြောလဲ ပြောလိုက်ကော လာလိုက်ခဲ့ဆိုပြီး အခန်းထဲ ခေါ်သွားပါရောတဲ့။
တော်တော်ရှင်းလိုက်ရတယ်ဆိုပဲ။ မလိုအပ်ပဲ မပြောတာ ကောင်းတာပေါ့။တတ်သလိုလို ဘာလိုလို လုပ်တော့ ကွိသွားပါရောလား...။

နောက်ဇာတ်လမ်းတစ်ခုရှိသေးတယ်..
စက်ရုံတစ်ရုံမှာ အသစ်ရောက်တဲ့ ကိုရွှေမြန်မာက အလုပ်ပင်ပန်းတော့ နားချင်တယ်တဲ့။
ဘယ်လိုနားရမှန်းမသိဘူးပေါ့။ ခါးနာတယ်အကြောင်းပြပြီးနားရင်ကောင်းမယ်စိတ်ကူးမိတယ်။ စက်ရုံကို ခါးနာ နေတယ်လို့ ပြောလိုက်တယ်တဲ့။ဒါနဲ့ စက်ရုံက နားစေ ဆိုပြီးခွင့်ပေးလိုက်တယ်။ Ok ဆိုပြီး ကိုရွှေမြန်မာ ပျော် ပျော်ကြီး တစ်ရက်နားလိုက်တယ်တဲ့။
နောက်သိပ်မကြာဘူး အလုပ်ပင်ပန်းတော့ ထပ်နားချင်တယ်တဲ့။ ဒီတစ်ခါ ဘယ်လို အကြောင်းပြရင် ကောင်း မလဲ စိတ်ကူးတယ်။ ဟောသိပြီ မြန်မာ မှာ နေတုန်းက ကိုရီးယားပြန် အကိုတစ်ယောက်က သင်ဘူးတယ်။ အလုပ်နားချင်ရင် သွားနာတယ် သွားကိုက်တယ် အကြောင်းပြ ပြီးနားရင် ရတယ်တဲ့။
အဲဒါကို ပြန်သတိရပြီး သွားနာလို့ အလုပ်နားပါရစေ လို့ စက်ရုံသူဌေး ကို ပြောတယ်တဲ့။အဲဒီမှာ စက်ရုံသူဌေးက ဟုတ်လား...ဒါဆို ဆေးခန်းသွားရအောင်ဆိုပြီး သွားဆေးခန်းကို ခေါ်သွားတယ်တဲ့။ဆေးခန်းလဲရောက်ရော ဆရာဝန်က သွားတွေစစ်ဆေးပြီး အရင်က ပိုးစားနေတဲ့ သွားတစ်ချောင်းကို နှုတ်လိုက်တယ်တဲ့။
ဒီလို အကြောင်းပြကောင်းတာ တကယ်မနာတဲ့ သွားတစ်ချောင်း ဆုံးသွားပါရောတဲ့...။ခဏခဏ နားချင်တဲ့ ကိုရွှေမြန်မာ တစ်ခါထဲနဲ့ မှတ်သွားပါရောတဲ့...။

နောက်ဇာတ်လမ်းတစ်ပုဒ်က တစ်ခါမှ ရည်စားမထားဘူးတဲ့ ကိုေ၇ွှမြန်မာတစ်ယောက် ရည်စား ရသွားတဲ့အကြောင်းပါ။
ကောင်မလေးတွေကို ရဲရဲ စကားမပြောရဲ၊ချက်တင်မဝင်ရဲတဲ့ လူပျိုကြီးတစ်ယောက်ကို သူငယ်ချင်းတွေက ကောင်မလေးတစ်ယောက်နဲ့ဆက်သွယ်ပေးတယ်။အစဉ်ပြေသွားတယ်။ ဒါပေမဲ့ ဘာဆို ဘာမှ လိပ်ပတ် လည်အောင် မပြောတတ်တော့ ဝိုင်းချွန်ပေးတဲ့သူငယ်ချင်းတွေက ဘယ်လိုပြော ဘယ်လိုဆို ဆိုပြီး အနားက သင်ပေးနေရတာ နေ့စဉ်နဲ့အမျှပေါ့။
သူ့စိတ်ကူးနဲ့ ဘာမှမပြောပဲ ဘေးကပဲ ပြောပြောပေးနေရတာ ကြာလာတော့ သူငယ်ချင်းတစ်ယောက်က “ဟေ့ကောင်..ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ပြောဦးလေကွာ..နည်းပြကိုပဲ အားကိုးမနေနဲ့ ”လို့ ပြောတော့
“မင်း ဘာသိလို့လဲ ဘောလုံးပွဲတွေမှာတောင် နည်းပြကောင်းမှ ဖလားရတာမသိဘူးလား...”လို့ ပြန်ပြောတယ်
“အေး....နည်းပြကောင်းလို့ ဖလားရရင် အဲဒီနည်းပြက ဖလားကို ယူ..ယူ နမ်းတာရော မင်းသိတယ်မဟုတ်လား”လို့ ပြောလိုက်တော့ တစ်ခါထဲ ငြိမ်သွားပါရောတဲ့...။
ရည်းစားထားပြီး ဘာမှ မပြောတတ်မဆိုတတ်ဆိုရင် အဲဒီလိုဖြစ်နေမယ်နော်...
အခုပြောခဲ့တာတွေက ကိုဝင်းလတ် တကယ်ကြုံခဲ့ ကြားခဲ့ရတဲ့ ရယ်စရာ ပြုံးစရာ ကိုရီးယား အဖြစ် အပျက်လေးတွေပါ...။

0 comments:

RECENT POSTS...

Grab this Widget